ကိုဗစ်-၁၉ (COVID -19) အသိပညာပေး လှုပ်ရှားမှု ဗွီဒီယို ဖိတ်ခေါ်ပြိုင်ပွဲ

July 5, 2020

အားလုံးပဲ မင်္ဂလာပါ။ ကိုဗစ်-၁၉ (COVID-19) ရောဂါ ပြန့်နှံ့နေတဲ့ ကာလအတွင်း မသန်စွမ်းသူများအပါအဝင် လူတိုင်း စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ချမ်းသာခြင်းတို့နှင့် ပြည့်စုံကြပါစေလို့ မြန်မာနိုင်ငံ နာမကြားသူများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (MDCDA) မှ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။ ကျွန်ပ်တို့ အဖွဲ့ဟာ ဒီကာလအတွင်းမှာ ကိုဗစ်-၁၉ (COVID-19) ဆိုင်ရာ သတင်း အချက်အလက်တွေ နားမကြားသူတိုင်း လက်လှမ်းမီ ရယူနိုင်ဖို့အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ ထုတ်ပြန်သော ကြေညာချက်များနှင့် သတင်းများကို အချိန်နှင့် တပြေးညီ လက်သင်္ကေတပြဘာသာစကားဖြင့် ဘာသာပြန်ဆို ရိုက်ကူး၍ MDCDA Facebook စာမျက်နှာတွင် ထုတ်လွှင့်ခြင်း၊ SL DVD အခွေများ ထုတ်ဝေဖြန့်ဖြူးခြင်း စသည်တို့ကို လုပ်ဆောင်လျက်ရှိပါတယ်။

ကိုဗစ်-၁၉ (COVID-19) အသိပညာပေး ဗွီဒီယို ဖိတ်ခေါ်ပြိုင်ပွဲဆိုတာ ဘာလဲ။
မြန်မာနိုင်ငံ နားမကြားသူများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ အနေဖြင့် ကိုဗစ် -၁၉ (COVID-19) ကာလအတွင်း နားမကြားသူများ ရဲ့ သတင်းအချက်အလက် ရရှိနိုင်မှုကို မြင့်တင်ပေးနိုင်ရန် ရည်ရွယ်၍ ကိုဗစ်-၁၉ အသိပညာပေး ဗွီဒီယို ဖိတ်ခေါ်ပြိုင်ပွဲ ကို ပြုလုပ်ရခြင်း ဖြစ်ပါတယ်။

ပြိုင်ပွဲပြုလုပ်ရသည့် ရည်ရွယ်ချက်က ဘာလဲ
နားမကြားလူမှုအသိုင်းအဝိုင်းအတွင်း ကိုဗစ်-၁၉ (COVID-19) ကူးစက်ရောဂါ အကြောင်း ပိုမိုသိရှိလာစေရန် အတွက် နားမကြားလူမှုအဖွဲ့အစည်းဝင်များ၏ ပူးပေါင်းပါဝင်မှုဖြင့် သိမြင်နားလည်မှုကို မြှင့်တင်ပေးရန်

ဘယ်လို အကြောင်းအရာတွေ ပါဝင်သင့်သလဲ
• ကိုဗစ်-၁၉ ကူးစက်ရောဂါပိုး အကြောင်း
• ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး နည်းလမ်းများ
• ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု နည်းလမ်းများ
• ကိုဗစ်-၁၉ နှင့် ပတ်သက်၍ နိုင်ငံတကာနှင့် ပြည်တွင်း အခြေအနေများ

ဘယ်လို စံနှုန်းတွေ သတ်မှတ်ထားသလဲ
• နားမကြားသူများ အပါအဝင် မည်သူမဆို လက်သင်္ကေတပြ ဘာသာစကား အသုံးပြု၍ အသက်အရွယ်၊ ကျားမ၊ လူမျိုး ဘာသာ မရွေး ပါဝင် ယှဉ်ပြိုင်နိုင်သည်။
• ပါဝင်ယှဉ်ပြိုင်သူတစ်ဦးလျှင် ပြိုင်ပွဲတစ်ခုစီအတွက် SL Video တစ်ခုသာ ပေးပို့ ယှဉ်ပြိုင်ရပါမည်။
• ဗီဒီယို ရိုက်ကူးရာတွင် လက်သင်္ကေတ ကို ကြည်လင်ပြတ်သားစွာ မြင်နိုင်ရန် အတွက် ရှင်းလင်းမြင်သာသော နောက်ခံ ဖြင့် ရိုက်ကူးရန်၊ ပြင်ပမှ အခြားသော အသံများ မပါဝင်စေရန် တိတ်ဆိတ်ငြိမ်သက်သော နေရာ၌ ရိုက်ကူးရန်
• အလင်းရောင် ကောင်းမွန်ပြီး ကြည်လင်ပြတ်သားသော ဗွီဒီယို ဖြစ်ရပါမည်။
• အနည်းဆုံး တစ်မိနစ်မှ အများဆုံး ၃ မိနစ်အထိသာ ရှည်ရပါမည်။
• အပြုသဘောဆောင်သော အသိပညာပေး ဗွီဒီယိုများ ဖြစ်ရပါမည်။
• ကိုယ်ပိုင်အိုင်ဒီယာဖြင့် ဖန်တီး၊ ဆန်းသစ်ထားသော ဗွီဒီယို ဖြစ်ရပါမည်။
• ဗွီဒီယိုဖိုင်များ အားလုံး သည် ကျင့်ဝတ်နှင့်ကိုက်ညီရမည် ဖြစ်ပြီး တရားဥပဒေစိုးမိုးရေး၊ နိုင်ငံရေး၊ ဘာသာရေး နှင့် လူမျိုးရေးတို့ ကို ထိခိုက်စေနိုင်သော အကြောင်းအရာများ၊ ခွဲခြားဆက်ဆံမှုများ မပါဝင်ရပါ။
• မိမိ Personal Facebook Account ဖြင့်သာ ဝင်ရောက်ယှဉ်ပြိုင်ရမည်။

ပေးပို့ရမည့် နည်းလမ်းများ နှင့် အချိန်သတ်မှတ်ချက်
• ပြိုင်ပွဲဝင်လိုသူများသည် MDCDA Facebook Page အား Follow လုပ်ရမည်။
• ထို့နောက် ရိုက်ကူးထားသည့် ဗွီဒီယို ကို မိမိ၏ FB Account တွင် #mdcda #COVID_19_awareness #SL_Video #Competition ဟူသော Hashtag များကို ထည့်သွင်းလျက် ပို့စ် တင်ရပါမည်။
• အဆိုပါ Post Link ကို MDCDA Facebook Messenger သို့ 24-7-2020 ရက်နေ့ (သောကြာနေ့) ည (၁၂) နာရီ မတိုင်မီ ပေးပို့ ရပါမည်၊ သတ်မှတ်ချိန် ထက် နောက်ကျမှ ရောက်ရှိလာသော ဗွီဒီယိုများကို ထည့်သွင်းစဉ်းစားမည် မဟုတ်ပါ။
• ဆုများကို 31-7-2020 ရက်နေ့ (သောကြာနေ့) မွန်းတည့် (၁၂း၀၀) နာရီတွင် ထုတ်ပြန်ကြေညာပေးပါမည်။
• ဆုရွေးချယ်မှုနှင့်ပတ်သတ်၍ အငြင်းပွားဖွယ် တစ်စုံတစ်ရာ ပေါ်ပေါက်လာခဲ့ပါက မြန်မာနိုင်ငံ နားမကြားသူများ အဖွဲ့၏ ဆုံးဖြတ်ချက်သာ အတည်ဖြစ်ပါသည်။
• ဆုရရှိသော ဗီဒီယိုဖိုင်များ ကို ပြိုင်ပွဲပြုလုပ်သည့် အဖွဲ့အစည်းက လိုအပ်သလို အသုံးပြုမည်ဖြစ်သည်။
• ပြိုင်ပွဲဝင်များ အနေဖြင့် ယခုပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်သည်နှင့် အထက်ပါ စည်းကမ်းချက်များကို လက်ခံကြောင်း အလိုအလျောက် သဘောတူညီပြီး ဖြစ်ပါသည်။

ဆုရွေးချယ်သည့် နည်းလမ်း
• လက်သင်္ကေတပြ ဘာသာစကားသင်ကြားရေးတွင် ဆရာအဖြစ် တာဝန်ထမ်းဆောင်နေသူများပါဝင်သော ဆု ရွေးချယ်ရေး အဖွဲ့ ဖွဲ့၍ စစ်ဆေး အကဲဖြတ်ပါမည်။
• ပြိုင်ပွဲဝင် ဗွီဒီယိုများမှ ပြိုင်ပွဲစည်ကမ်း သတ်မှတ်ချက်ပြည့်စုံသော လက်သင်္ကေတ ဗွီဒီယိုများကိုသာ ရွေးချယ်မှု ပြုမည်ဖြစ်ပါသည်။
• ဆုရွေးချယ်ရာတွင် ပရိတ်သတ် အကြိုက် ပေါ်ပြူလာဆု (Like, Share အများဆုံးရသော video) နှင့် ဆုရွေးချယ်ရေး အဖွဲ့မှ ရွေးချယ်သော ပထမဆု (တစ်ဆု)၊ ဒုတိယဆု (တစ်ဆု) နှင့် နှစ်သိမ့်ဆု (၃) ဆု တို့ကို ရွေးချယ်မည်ဖြစ်ပါသည်။

မှတ်ချက်
• ပြိုင်ပွဲသို့ MDCDA အဖွဲ့မှ ဝန်ထမ်းများ ပါဝင်ယှဉ်ပြိုင်ခွင့် မပြုပါ။

ချီးမြှင့်မည့်ဆုများ
• ပေါ်ပြူလာဆု (ပရိသတ်အကြိုက်ဆု) တစ်ဆု
• ပထမဆု တစ်ဆု
• ဒုတိယဆု တစ်ဆု
• တတိယဆု တစ်ဆု
• နှစ်သိမ့်ဆု (၃ ဆု)
(2) မှတ်ချက်။ သတင်းကောင်းတစ်ခု ထပ်မံပေးရန် ရှိပါသည်။ အမှတ်စဉ် (၁) ယခု ကိုဗစ်-၁၉ (COVID -19) အသိပညာပေး လှုပ်ရှားမှု ဗွီဒီယို ဖိတ်ခေါ်ပြိုင်ပွဲ အပြင် နောက်ထပ် အမှတ်စဉ် (၂) ဗီဒီယို ဖိတ်ခေါ် ပြိုင်ပွဲအား ထပ်မံကျင်းပဦးမည်ဖြစ်ကြောင်း သတင်းကောင်း ပေးလိုက်ပါသည်။

အသေးစိတ်ကို သိလို၍ မေးမြန်းလိုပါက MDCDA Page ၏ Messenger တွင် လာရောက်မေးမြန်းနိုင်ပါသည်။