လက်သင်္ကေတပြဘာသာစကားထည့်သွင်းထားသော GBV အကြောင်းသိကောင်းစရာဗွီဒီယို(၅)

May 9, 2022

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများပပျောက်ဖို့ ၁၆ ရက်တာ လှုပ်ရှားမှု (16 Days of Activism ) ကို ကမ္ဘာတစ်ဝန်း နှစ်စဉ် နိုဝင်ဘာ( ၂၅ […]

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများပပျောက်ဖို့ ၁၆ ရက်တာ လှုပ်ရှားမှု (16 Days of Activism ) ကို ကမ္ဘာတစ်ဝန်း နှစ်စဉ် နိုဝင်ဘာ( ၂၅ ) ရက် မှ ဒီဇင်ဘာ ( ၁၀ ) ရက်နေ့ အထိ အမြဲပြုလုပ်လေ့ ရှိကြပါတယ်၊၊
(၁၆) ရက်တာလှုပ်ရှားမှုကိုဘာလို့ ရွေးချယ်ထားရတာလဲဆိုတော့ အမျိုးသမီးများကို အကြမ်းဖက်ခြင်းဟာ လက်သင့်ခံနိုင်စရာ လုံးဝမရှိတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတစ်ရပ်ဖြစ်တယ်ဆိုတာကို မှတ်သားသိရှိစေလိုတဲ့အတွက် ဖြစ်ပါသည်။
အိမ်တွင်းအကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာနှင့် ကျားမ အခြေပြုဆိုင်ရာ အကြမ်းဖက်မှုခံရပါက အပြုံးပန်းသို့ဆက်သွယ်လိုက်ပါ
ဥပဒေဆိုင်ရာအကြံပေးချက်များနှင့် လက်သင်္ကေတပြဘာသာစကားဖြင့် စကားပြန်ဝန်ဆောင်မှုတို့ကို အခမဲ့ကူညီပေးမည်ဖြစ်ပါသည်။
ဝန်ဆောင်မှု ရယူသူများ၏ တိုင်ပင်ဆွေးနွေးမှုများကို လျှိူ့ဝှက် ထိန်းသိမ်းပေးထားမည်ဖြစ်ပြီး ဥပဒေရေးရာ ကိစ္စရပ်များအတွက် ဖုန်းနံပါတ် 09-765 777 890, 09-959 777 890၊
လက်သင်္ကေတပြစကားပြန်ဝန်ဆောင်မှုအတွက် Viber နံပါတ် 09-426 777 890 နှင့်
အပြုံးပန်း https://www.facebook.com/helpline4wwd
https://www.facebook.com/helpline4wwd.mm သို့
တနင်္လာနေ့မှ စနေနေ့ထိ ရုံးချိန်အတွင်း နံနက် ၉း၀၀ နာရီမှ ညနေ ၅း၀၀ နာရီအတွင်း ဝန်ဆောင်မှုများကို ရယူနိုင်ပါသည်။