လက်သင်္ကေတပြဘာသာစကားထည့်သွင်းထားသော GBV အကြောင်းသိကောင်းစရာ ဗွီဒီယို (၆)

May 12, 2022

ကျား/မ အခြေပြုအကြမ်းဖက်မှုအနေနဲ့သိပ်မမြင်ကြသေးတဲ့ GBV ဖြစ်စဉ်တွေက ကျွန်ုပ်တို့ပတ်ဝန်းကျင်မှာ အကြမ်းဖက် ခံနေရတယ်ဆိုတာကို သတိမထားမိလောက်အောင် သမာရိုးကျကိစ္စ မျိုးလို့ထင်နေကြဆဲဖြစ်ပါတယ် ၊ ထိုဖြစ်စဉ်တွေ အားလုံး ကိုယ့်ပတ်ဝန်းကျင်မှာ ကြုံတွေ့ ခံစား ရမှုတွေ လုံးဝ မရှိတော့တဲ့အထိ တိုက်ဖျက်ကြဖို့ ကျွန်ုပ်တို့အားလုံးမှာ တာဝန်ရှိပါတယ်၊၊
အိမ်တွင်းအကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာနှင့် ကျားမ အခြေပြုဆိုင်ရာ အကြမ်းဖက်မှုခံရပါက အပြုံးပန်းသို့ဆက်သွယ်လိုက်ပါ
ဥပဒေဆိုင်ရာအကြံပေးချက်များနှင့် လက်သင်္ကေတပြဘာသာစကားဖြင့် စကားပြန်ဝန်ဆောင်မှုတို့ကို အခမဲ့ကူညီပေးမည်ဖြစ်ပါသည်။
ဝန်ဆောင်မှု ရယူသူများ၏ တိုင်ပင်ဆွေးနွေးမှုများကို လျှိူ့ဝှက် ထိန်းသိမ်းပေးထားမည်ဖြစ်ပြီး ဥပဒေရေးရာ ကိစ္စရပ်များအတွက် ဖုန်းနံပါတ် 09-765 777 890, 09-959 777 890၊
လက်သင်္ကေတပြစကားပြန်ဝန်ဆောင်မှုအတွက် Viber နံပါတ် 09-426 777 890 နှင့်
အပြုံးပန်း https://www.facebook.com/helpline4wwd
https://www.facebook.com/helpline4wwd.mm သို့
တနင်္လာနေ့မှ စနေနေ့ထိ ရုံးချိန်အတွင်း နံနက် ၉း၀၀ နာရီမှ ညနေ ၅း၀၀ နာရီအတွင်း ဝန်ဆောင်မှုများကို ရယူနိုင်ပါသည်။