Advocacy Meeting with Minister of…
November 19, 2019
January 30, 2018
စီဒေါကိုလက်သင်္ကေတပြဘာသာစကားဖြင့် ချဉ်းကပ်ခြင်း လုပ်ငန်းစဉ်၏ ဒုတိယအဆင့်ဖြစ်သော Action Plan Development Workshop ကို စက်တင်ဘာလ ၂၄ နှင့် ၂၅ ရက်များတွင် ရန်ကုန်မြို့ […]
စီဒေါကိုလက်သင်္ကေတပြဘာသာစကားဖြင့် ချဉ်းကပ်ခြင်း လုပ်ငန်းစဉ်၏ ဒုတိယအဆင့်ဖြစ်သော Action Plan Development Workshop ကို စက်တင်ဘာလ ၂၄ နှင့် ၂၅ ရက်များတွင် ရန်ကုန်မြို့ Best Western Green Hill Hotel ၌ ပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီးရေးရာဌာနခွဲမှ ညွန်ကြားမှူး နှင့် ဦးစီးမှူး၊ မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်မှ အမျိုးသမီးရေးရာဆိုင်ရာကော်မတီဥက္ကဌ နှင့် နားမကြားအဖွဲ့အစည်းများမှ တာဝန်ရှိသူများ စုစုပေါင်း ၄၁ ဦးတက်ရောက်ပါဝင်ဆွေးနွေးခဲ့ပါသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲ ပထမနေ့ တွင် ပြီးခဲ့သည့် ကဏ္ဍစုံမှပါဝင်ပတ်သတ်သူများနှင့် အကြံပြုဆွေးနွေးပွဲတွင် အကြံပြုခဲ့သော လုပ်ငန်းကော်မတီ နှင့် Core group တို့ကို ဖွဲ့စည်းခြင်း၊ Action plan ကို ဝိုင်းဝန်းဆွေးနွေးအတည်ပြုခြင်း စသည်တို့ကို ဆောင်ရွက်နိုင်ခဲ့ပါသည်။
“Accessing CEDAW on Myanmar Sign Language: Action Plan Development Workshop”
24-25 September 2016 @ Best Western Green Hill Hotel
© 2017-2021 Myanmar Deaf Community Development Association (MDCDA). All Rights Reserved.