Advocacy Meeting with Minister of…
November 19, 2019
April 4, 2018
USAID FHI 360 CSM Project ၏ ပံ့ပိုးမှုဖြင့် မြန်မာနိုင်ငံ နားမကြားသူများဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က ဆောင်ရွက်နေသည့် နားမကြားသူများအတွက် သတင်းအလျက် လက်လှမ်းမီ ရရှိမှုသေချာစေရေး စီမံကိန်းတွင် […]
USAID FHI 360 CSM Project ၏ ပံ့ပိုးမှုဖြင့် မြန်မာနိုင်ငံ နားမကြားသူများဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က ဆောင်ရွက်နေသည့် နားမကြားသူများအတွက် သတင်းအလျက် လက်လှမ်းမီ ရရှိမှုသေချာစေရေး စီမံကိန်းတွင် ပါဝင်သော ပြန်ကြားရေးဝန်ကြီးဌာနနှင့် အသိပေး ဆွေးနွေးခြင်း အစီအစဉ် ကို ၂၀၁၈ ခုနှစ်၊ မတ်လ (၁၅) ရက်နေ့တွင် နေပြည်တော်သင်္ဂဟ ဟိုတယ်၌ အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပါသည်။ အဆိုပါ အစီအစဉ်သို့ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဖေမြင့်၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးရဲနိုင်၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယအမြဲတမ်း အတွင်းဝန် ဦးမြင့်ကျော် တို့ပါဝင်သော တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး မိမိတို့ဖက်မှ နားမကြားကျောင်းများနှင့် နားမကြားအဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအစည်းအဝေးတွင် နားမကြားသူများ၏ သတင်းအချက်အလက် ရရှိပိုင်ခွင့်သေချာစေရေးအတွက် ဥပဒေမူဝါဒများ ပြင်ဆင်ရေး အပါအဝင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို တင်ပြဆွေးနွေးနိုင်ခဲ့ပြီ ပြန်ကြားရေးဝန်ကြီးဌာနဖက်မှလည်း လုပ်ဆောင်ပေးနိုင်သည့်များ အားလုံးကို ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ကတိပြုခဲ့သည်။
© 2017-2021 Myanmar Deaf Community Development Association (MDCDA). All Rights Reserved.