Advocacy Meeting with Minister of…
November 19, 2019
May 16, 2019
စကာၤပူ က Facebook ဒေသဆိုင်ရာ တာဝန်ရှိသူတွေနဲ့ မြန်မာဝန်ထမ်း အချို့ ဦးဆောင်တဲ့ အဖွဲ့နဲ့ ပြည်တွင်းက အဖွဲ့ အချို့ကို ဖိတ်ပြီး သူတို့ရဲ့ လူမှုစံနှုန်း […]
စကာၤပူ က Facebook ဒေသဆိုင်ရာ တာဝန်ရှိသူတွေနဲ့ မြန်မာဝန်ထမ်း အချို့ ဦးဆောင်တဲ့ အဖွဲ့နဲ့ ပြည်တွင်းက အဖွဲ့ အချို့ကို ဖိတ်ပြီး သူတို့ရဲ့ လူမှုစံနှုန်း အသစ် အပေါ် အမြင် သဘောထားတွေကို အပြန်အလှန် ဖလှယ်ကြတဲ့ Community Standards and Content Review ပွဲလေးကို ၂၀၁၉၊ မေ (၁၄) နိုဗိုတယ်ဟိုတယ်မှာ လုပ်ခဲ့ပါတယ်။ ဒီပွဲကို တက်ရောက်ဖို့ ကျွန်တော်တို့ရဲ့ MDCDA Team ကို ဆက်သွယ်ဖိတ်ကြားလာခဲ့လို့ အဖွဲ့ရဲ့ အစီအစဉ်ဒါရိုက်တာ က တက်ရောက် ပါဝင် ဆွေးနွေးခဲ့ပါတယ်။ စိန်ခေါ်မှုတွေက ရှိနေဆဲ ဘဲ ဖြစ်ပေမယ့် FB က မြန်မာနိုင်ငံအတွင်း ရင်းနှီးမြုပ်နှံမှုကို မြှင့်တင်ဖို့နဲ့ ဝန်ထမ်းတွေကို တိုးချဲ့ခန့်ထားဖို့ အစီအစဉ်တွေ ရေးဆွဲနေတယ်လို့ သိရပါတယ်။ ဘယ်အရာတွေက သူတို့ရဲ့ သတ်မှတ်စံနှုန်းနဲ့ကိုက်ညီပြီး ဘယ်လိုအကြောင်းအရာတွေကတော့ မကိုက်ညီသလဲ ဆိုတာ ဆုံးဖြတ်ရခက်ခဲနေဆဲ အနေအထားဘဲ ဖြစ်ပါတယ်။ FB ဖက်က သတ်မှတ် လူမှု စံနှုန်းတွေနဲ့ မညီတဲ့ ပို့စ်တွေကို အလိုအလျောက် ဖယ်ရှားပေးတဲ့ AI နည်းပညာဟာ အကောင့်တုများကို ဖယ်ရှားခြင်း၊ အမှိုက်စာတွေကို ရှင်းလင်းခြင်း၊ လူကြီးအဖော်အချွတ်တွေ၊ ကလေးအဖော်အချွတ်နဲ့ လိင်ပိုင်းဆိုင်ရာအသုံးချခြင်း၊ အကြမ်းဖက်မှုကိုလှုံ့ဆော်တဲ့အကြောင်းအရာတွေ၊ အကြမ်းဖက်ဝါဒ ဖြန့်မှု ဒါတွေနဲ့ ပတ်သက်ပြီး ၉၀% အထက်ကို ဖယ်ရှားနိုင်ပေမယ့် အမုန်းစကားကို ဖယ်ရှားတာကတော့ ၅၂% နဲ့ အနိုင်ကျင့်စော်ကားတဲ့အကြောင်းအရာတွေကို ဖယ်ရှားမှုမှာ ၁၄.၉% သာရှိနေသေးတာ ကို သူတို့ရဲ့ ၂၀၁၈ တတိယ သုံးလပတ် အစီရင်ခံစာ မှာ ဖော်ပြထားပါတယ်။ AI နည်းပညာ ဟာ အစွမ်းထက်တယ်ဆိုပေမယ့် အမုန်းစကားနဲ့ အနိုင်ကျင့်မှုဆိုင်ရာ စာသားတွေအပေါ် ထောက်လှမ်းနိုင်မှုက အကန့်အသတ် ရှိနေဆဲ ဖြစ်ပါတယ်။ ဒီအတွက် ကျွမ်းကျင်ဝန်ထမ်းတွေကို တိုးချဲ့ ခန့်ထားပေမယ့် အမုန်းစကားတွေ လျာ့ချဖို့ အနိုင်ကျင့်စော်ကားမှုဆိုင်ရာ ပို့စ်တွေ တွေ့ရင် report ထုပေးကြဖို့ကို တောင်းဆိုလိုပါတယ်။
© 2017-2022 Myanmar Deaf Community Development Association (MDCDA). All Rights Reserved.