Advocacy Meeting with Minister of…
November 19, 2019
February 5, 2018
စီဒေါကို လက်သင်္ကေတဖြင့် ချဉ်းကပ်ခြင်းစီမံကိန်း၏ နောက်ဆုံးအကြိမ် အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို Sky Palace Hotel နေပြည်တော်ု ၌ ဒီဇင်ဘာလ ၃ -၄ ရက်နေ့များတွင် အောင်မြင်စွာ […]
စီဒေါကို လက်သင်္ကေတဖြင့် ချဉ်းကပ်ခြင်းစီမံကိန်း၏ နောက်ဆုံးအကြိမ် အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို Sky Palace Hotel နေပြည်တော်ု ၌ ဒီဇင်ဘာလ ၃ -၄ ရက်နေ့များတွင် အောင်မြင်စွာ ပြုလုပ်နိုင်ခဲပါသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲ ပထမနေ့တွင် နေပြည်တော် MICC-2 ၌ ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနား သို့တက်ရောက်ခြင်း၊ ဆာဖာရီဥယျာဉ်သို့ သွားရောက်လည်ပတ်ခြင်းများ ပြုလုပ်ခဲ့ပြီး ဒုတိယနေ့တွင် ကောင်းကင်နန်းတော် ဟိုတယ်၌ နောက်ဆုံးအကြိမ် အဖြစ် စီဒေါအား မြန်မာ လက်သင်္ကေတပြ ဘာသာစကားဖြင့် ဘာသာပြန်ဆို ခြင်းအား အချောသတ် ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ဒုတိယနေ့ အလုပ်ရုံဆွေးနွေးပွဲသို့ နေပြည်တော် လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲ ညွန်ကြားရေးမှူး ဒေါ်နော်သဝါး၊ မန္တလေးနားမကြားသော ကလေးများကျောင်း ကျောင်းအုပ်ကြီး ဒေါ်အေးအေးဝင်း နှင့် ရန်ကုန်၊ မန္တလေးတို့မှ နားမကြားကျောင်း တာဝန်ရှိသူများ၊ နားမကြား အဖွဲ့အစည်းအသီးသီးတို့မှ တာဝန်ရှိသူများ စုစုပေါင်း (၃၀) ဦးတက်ရောက်ကာ စီဒေါအား လက်သင်္ကေဖြင့် ဘာသာပြန်ဆိုခြင်းတို့ကို ဆက်လက် ဆောင်ရွက်ခဲ့ကြပါသည်။ မိမိတို့၏ အလုပ်ရုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံအမျိုးသမီးများအဖွဲ့ချုပ် နှင့် ကျားမရေးရာ တန်းတူ ညီမျှရေး ကွန်ယက်တို့မှ တာဝန်ရှိသူများ လာရောက် လေ့လာကြည့်ရှုကာ အမှတ်တရ မှတ်တမ်းဓါတ်ပုံများ ရိုက်ကူးခဲ့ပါသည်။ စီဒေါအား မြန်မာလက်သင်္ကေတပြဘာသာစကား ဖြင့် ဘာသာပြန်ဆိုခြင်း လုပ်ငန်းတွင် ထည့်သွင်းမည့် သရုပ်ဖော်ု်ပုံများ အသုံးပြုရန် ခွင့်ပြုချက်ပေးသည့် Equality Myanmar မှ ဆရာဦးအောင်မျိုးမင်း အားလည်း အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ဖော်ပြလိုပါသည်။ Photo: Mg Thila
© 2017-2021 Myanmar Deaf Community Development Association (MDCDA). All Rights Reserved.