Advocacy Meeting with Minister of…
November 19, 2019
May 14, 2018
USAID FHI 360 CSM Project ၏ ပံ့ပိုးမှုဖြင့် Media Guideline Workshop for MJN Reporters အလုပ်ရုံဆွေးနွေးပွဲကို MJN […]
USAID FHI 360 CSM Project ၏ ပံ့ပိုးမှုဖြင့် Media Guideline Workshop for MJN Reporters အလုပ်ရုံဆွေးနွေးပွဲကို MJN နှင့် မြန်မာနိုင်ငံ နားမကြားသူများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က ၂၀၁၈ ခုနှစ်၊ မေလ ၁၂ ရက်နေ့တွင် ရန်ကုန်မြို့ မာကျူရီ (ယခင်မီကာဆာ) ဟိုတယ်၌ အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့သည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ မီဒီယာ အသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး မြန်မာဂျာနယ်လစ်ကွန်ရက် အတွင်းရေးမှူး ဦးမြင့်ကျော်၊ မြန်မာနိုင်ငံမသန်စွမ်းသူများ အသင်းချုပ် ဥက္ကဌ ဦးအောင်ကိုမြင့်၊ မြန်မာနိုင်ငံမသန်စွမ်းသူများရှေ့ဆောင်အဖွဲ့ အမှုဆောင်ဒါရိုက်တာ ဦးနေလင်းစိုး၊ အကြံပေးအရာရှိ ဒေါ်ယုယုဆွေ တို့က မသန်စွမ်းသူများနှင့် ပတ်သက်၍ သတင်းများ ရေးသား ဖော်ပြရာတွင် တင်ပြသင့်သည့် ရှုထောင့်၊ အသုံးအနှုန်းများ၊ အဆင်ပြေလွယ်ကူစေမည့် သတင်းရေးသားမှု ပုံစံများ၊ ချိတ်ဆက်ဆောင်ရွက်လုပ်ဆောင်သင့်သည်များကို အပြန်အလှန် ဆွေးနွေးတင်ပြမှုများ ပြုလုပ်ခဲ့ပါသည်။
© 2017-2026 Myanmar Deaf Community Development Association (MDCDA). All Rights Reserved.