Access to Information

Home > Programs > Access to Information

Access to Information

  • Access to Reform Information for Deaf & Hard of Hearing
    နားမကြားလူမှုအသိုင်းအဝိုင်းအတွင်း ဒီမိုကရေစီအသွင်ကူးပြောင်းမှုဆိုင်ရာ သတင်းအချက်အလက်များ ကို လက်လှမ်းမှီ ရရှိစေရန် ရည်ရွယ်လျက် USAID DAI ၏ ပံ့ပိုးမှုဖြင့် ၂၀၁၆ ခုနှစ်အတွင်း Access to Reform Information for Deaf & Hard of Hearing စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။ စီမံကိန်းအား DVB Multimedia Group ၏ DVB Debate အစီအစဉ်ကို ဦးတည်လျက် DVB, Mizzima စသည့် ရုပ်သံမီဒီယာများနှင့် ပူးပေါင်းကာ အသွင်ကူးပြောင်းရေး ကာလအတွင်း ဖြစ်ပျက်နေသော သတင်းများကို နားမကြားသူများ လက်လှမ်းမီရရှိစေမည့် ပုံစံဖြစ်သော မြန်မာစံ လက်သင်္ကေတပြ ဘာသာစကားဖြင့် ဘာသာပြန်ဆိုထုတ်လွှင့်နိုင်ခဲ့သည်။ ထို့အပြင် မသန်စွမ်း အသင်းအဖွဲ့အသီးသီးသို့လည်း ဘာသာပြန်ဗွီဒီယိုအခွေများကို ပေးပို့ဖြန့်ချိနိုင်ခဲ့သည်။
    View more
  • DVB Debate Sign Language Translation Project
  • USAID DAI ၏ ပံ့ပိုးမှုဖြင့် ၂၀၁၆ ခုနှစ်အတွင်း ဆောင်ရွက်ခဲ့သော နားမကြားသူများအတွက် သတင်းအချက်အလက်များ လက်လှမ်းမှီ ရရှိရေးစီမံကိန်းကို DVB Multimedia Group ၏ ပံ့ပိုးမှုဖြင့် လည်းကောင်း၊ ကမ္ဘောဇဘဏ် အနာဂတ်အလင်းတန်းမြန်မာ ဖောင်ဒေးရှင်း၏ ပံ့ပိုးကူညီမှုဖြင့် လည်းကောင်း၊ အရပ်သားအစိုးရ လက်ထက်အတွင်း ဖြစ်ပျက်နေသော သတင်းအချက်အလက်များကို မြန်မာစံ လက်သင်္ကေတပြ ဘာသာစကားဖြင့် ဘာသာပြန်ဆိုထုတ်လွှင့်မှုကို ဆက်လက် လုပ်ဆောင်ခဲ့သည်။ မြန်မာစံလက်သင်္ကေတပြ ဘာသာစကားဖြင့် ဘာသာပြန်ဆို ထုတ်လွှင့်ခဲ့သော အစီအစဉ်များကို အောက်ပါလင့်ခ်တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
    View more
  • Ensuring Rights to Access to Information for Deaf & Hearing Impaired People Project
    မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် ထုတ်လွှင့်နေသော မြန်မာစံလက်သင်္ကေတပြ ဘာသာစကား ဘာသာပြန် သတင်းအစီအစဉ်အပေါ် နားမကြားလူမှုအသိုင်းဝိုင်း၏ သိမြင်နားလည်မှုကို မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် က စစ်တမ်းကောက်ယူခဲ့ရာ နားလည်သဘောပေါက်မှု အခြေအနေ အားရစရာမရှိသေးခြင်းကြောင့် အဆိုပါအစီအစဉ် တိုးတက်စေရန် လိုအပ်လာပါသည်။ ထို့ကြောင့် မိမိတို့အဖွဲ့အစည်းအနေဖြင့် နားမကြားလူမှုအသိုင်းအဝိုင်းအတွင်း သတင်းအချက်အလက် ရပိုင်ခွင့်သေချာစေရေး စီမံကိန်းတစ်ရပ်ကို USAID FHI 360 CSM Project ၏ ပံ့ပိုးမှုဖြင့် ၂၀၁၇-၂၀၁၈ အတွင်း အကောင်အထည်ဖော်ဆောင်ရွက်နေသည်။ အဆိုပါစီမံကိန်းတွင် အဓိက ပါဝင်ပတ်သက်နေသော အဖွဲ့အစည်းများဖြစ်သည့် ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မြန်မာဂျာနယ်လစ် ကွန်ရက်၊ DVB Multimedia Group တို့အား အသိပေးနှိုးဆော်တိုက်တွန်းခြင်း၊ သိမြင်နားလည်မှု မြှင့်တင်ပေးခြင်းနှင့် မူဝါဒပိုင်းဆိုင်ရာပူးပေါင်းဆောင်ရွက်မှုမြင့်တင်ခြင်း စသည့် လုပ်ငန်းများကို ဆောင်ရွက်နေသည်။