Gender

Home > Programs > Gender

Gender

  • Accessing CEDAW in Myanmar Sign Language
    • မြန်မာနိုင်ငံနားမကြားသူများဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့သည် နိုင်ငံအတွင်းရှိ အမျိုးသမီးများ အထူးသဖြင့် ထိခိုက်ခံစားလွယ်သော နားမကြားအမျိုးသမီးများအတွက် ဥပဒေ မူဘောင် တစ်ခုဖြစ်သော အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှု ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်း Convention on the Elimination of All Forms of Discrimination against Women (စီဒေါ) ကို လက်လှမ်းမီ ရရှိစေရန် ရည်ရွယ်လျက် လူမှုဝန်ထမ်းဦးစီးဌာန၏ လမ်းညွန်မှု၊ ကျား၊ မ ရေးရာ တန်းတူညီမျှရေး ကွန်ယက် Gender Equality Network ၏ ပံ့ပိုးကူညီမှုဖြင့် မြန်မာစံလက်သင်္ကေတပြ ဘာသာစကားဖြင့် ၂၀၁၆ ခုနှစ်အတွင်း ဘာသာပြန်ဆိုခဲ့ပါသည်။
    • အဆိုပါ စီမံကိန်းတွင် နားမကြားကျောင်းများ၊ နားမကြားလူမှုအဖွဲ့အစည်းများ၊ လူမှုဝန်ထမ်းဦးစီးဌာန လက်အောက်ရှိ လက်သင်္ကေတပြ ဘာသာပြန် ဝန်ဆောင်မှုရုံး နှင့် လက်သင်္ကေတကျွမ်းကျင်ပညာရှင်များ စသည်တို့နှင့် ပူးပေါင်းကာ စီဒေါအမြင်ဖွင့် သင်တန်း၊ လက်သင်္ကေတဘာသာပြန်ဆိုခြင်း အလုပ်ရုံဆွေးနွေးပွဲ နှင့် အခြားသော နည်းစနစ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုများဖြင့် လုပ်ဆောင်ခဲ့သည်။ ရည်ရွယ်ချက်မှာ နားမကြားလူမှုအသိုင်းအဝိုင်းအတွင်း ကျား၊မ ရေးရာတန်းတူညီမျှရေး၊ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေး၊ စသည့် အသိအမြင်များ ရရှိလာစေရန်ဖြစ်သည်။ စီမံကိန်းမှ ရလဒ်အဖြစ် စီဒေါ မြန်မာစံလက်သင်္ကေတပြဘာသာပြန် ဗွီဒီယိုအခွေကို ထုတ်ဝေ ဖြန့်ချိနိုင်ခဲ့သည်။
  • Promoting the awareness of CEDAW in Myanmar Deaf Community
    • ထွက်ပေါ်လာသည့် စီဒေါ မြန်မာစံလက်သင်္ကေတပြဘာသာပြန် ဗွီဒီယိုအခွေကို အသုံးပြုကာ နားမကြားလူမှုအသိုင်းအဝိုင်းအတွင်း အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှု ပပျောက်ရေး ဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်း ကို သိမြင်နားလည်မှု မြှင့်တင်ပေးရန် ရည်ရွယ်လျက် ရန်ကုန်နှင့် မန္တလေးတို့ရှိ နားမကြားလူမှုအသိုင်းအဝိုင်းကို ဦးတည်လျက် အသိပညာပေး အစီအစဉ်ကို ၂၀၁၇ ခုနှစ်အတွင်း ဆောင်ရွက်ခဲ့သည်။
    • အဆိုပါအစီအစဉ်တွင် မန္တလေးမြို့ရှိ နားမကြားသောကလေးများကျောင်း၊ မန္တလေးနားမကြား လူမှုအဖွဲ့အစည်း နှင့် ရန်ကုန်ရှိ မေရီချက်ပ်မင်းနားမကြားသော ကလေးများကျောင်း၊ ရန်ကုန် နားမကြားသောကလေးများကျောင်း၊ ရန်ကုန်နားမကြားအသင်း နှင့် အခြားသော နားမကြား အဖွဲ့အစည်းများကို စီဒေါအမြင်ဖွင့်သင်တန်းများ ဖွင့်လှစ်ပို့ချပေးခဲ့ပြီး စုစုပေါင်း ၂၈၉ ဦးအား အမြင်ဖွင့်ပေးနိုင်ခဲ့သည်။