Employment Opportunities for PWDs

Home > Programs > Employment Opportunities for PWDs

Employment Opportunities for PWDs

  • Decent work for Women With Disabilities project
    မြန်မာနိုင်ငံအတွင်းရှိ မသန်စွမ်းအမျိုးသမီးများအတွက် သင့်တော်ကောင်းမွန်သည့် အလုပ်အကိုင် ဖန်တီးပေးရေး အစီအစဉ်တစ်ရပ်ကို မြန်မာနိုင်ငံဆိုင်ရာပြင်သစ်သံရုံး၏ ပံ့ပိုးမှုဖြင့် ၂၀၁၂ ခုနှစ်အတွင်း မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးစင်တာ ၏ ပံ့ပိုးမှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ မသန်စွမ်းအမျိုးသမီး စုစုပေါင်း ၄၂ ဦးကို အထည်ချုပ်လုပ်ငန်း ဆိုင်ရာ ကျွမ်းကျင်မှုအရည်အသွေးများကို မြှင့်တင်ပေးနိုင်ခဲ့ပြီး ရွှေပြည်သာ၊ လှိုင်သာယာ နှင့် ရွှေလင်ပန်း စက်မှုဇုံတို့တွင် အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်ခဲ့သည်။ အဆိုပါစီမံကိန်း တွင် ပါဝင်သော AGM Garment Factory မှာ မသန်စွမ်းသူအများဆုံး အလုပ်ခန့်ထားပေးသည့် အတွက် ၂၀၁၃ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အခမ်းအနားတွင် လူမှုဝန်ထမ်းဦးစီးဌာန မှ ချီးမြှင့်သော အသိအမှတ်ပြု ရွှေတံဆိပ်ဆု ရရှိခဲ့သည်။
  • Disability and Responsibility Business workshop
    မြန်မာနိုင်ငံအတွင်းရှိ စီးပွားရေးလုပ်ငန်းများ၏ လူမှုရေးတာဝန်သိတတ်မှုအစီအစဉ် CSR များတွင် မသန်စွမ်းအရေးကိစ္စ ထည့်သွင်းစဉ်းစားလာစေရေးအတွက် အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို Abilis Foundation ၏ ပံ့ပိုးမှု၊ UMFCCI CSR Unit, ILO, AAR, MCRB, MGMA နှင့် စီးပွားရေး လုပ်ငန်းကြီးများ၏ ပူးပေါင်း ဆောင်ရွက်မှုတို့ဖြင့် ၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်နေ့တွင် UMFCCI ၌ အောင်မြင်စွာ ပြုလုပ်နိုင် ခဲ့သည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် ILO, AAR, MCRB, MGMA, MILI, AGM Garment တို့မှ ကိုယ်စားလှယ်များက ၎င်းတို့၏ အတွေ့အကြုံအသီးသီးတို့ကို ရှင်းလင်း တင်ပြခဲ့ပြီး မြန်မာနိုင်ငံအတွင်းရှိ စီးပွားရေးလုပ်ငန်းများအတွင်း CSR ကျင့်သုံးမှုတွင် မသန်စွမ်းသူများ ပါဝင်လာမှုအခြေအနေ၊ စိန်ခေါ်မှုများနှင့် ဖြေရှင်းနိုင်မည့်နည်းလမ်းများကို ဖော်ထုတ်ဆွေးနွေးခဲ့ကြသည်။