Advocacy meeting with MSWRR

March 17, 2018

နားမကြားသူများအတွက် သတင်းအချက်အလက် ရရှိမှု သေချာစေရေးစီမံကိန်း အရ အသိပေးဆွေးနွေးခြင်း အစီအစဉ်တစ်ရပ်ကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့တွင် နေပြည်တော်ရှိ လူမှုဝန်ထမ်းဦးစီးဌာန (ရုံးချုပ်) ၌ အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲသို့ ညွန်ကြားရေးမှူးချုပ်ကိုယ်တိုင် တက်ရောက်ခဲ့ပြီး နားမကြားသူများ၏ သတင်းအချက်အလက် ရပိုင်ခွင့် ဆိုင်ရာ ဥပဒေ မူဘောင်များ၊ နိုင်ငံတကာကတိကဝတ်များ၊ နားမကြားယဉ်ကျေးမှုနှင့် သဘောသဘာဝ၊ လိုအပ်ချက်များ နှင့် ဝန်ကြီးဌာနမှ ပံ့ပိုးကူညီပေးမည့် ကိစ္စရပ်များကို ဆွေးနွေးနိုင်ခဲ့ပါသည်။