Advocacy Meeting with Minister of…
November 19, 2019
September 17, 2019
၂၀၁၅ ခုနှစ်တွင် အတည်ပြုခဲ့သော မသန်စွမ်းသူများ၏ အခွင့်အရေး ဥပဒေကို အကောင်အထည်ဖော် နိုင်ရေး အတွက် လိုအပ်သည့် နောက်ဆက်တွဲ နည်းဥပဒေများကို ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် လူကယ်ပြန် ဝန်ကြီးဌာနက ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်ခဲ့သည်။အဆိုပါ နည်းဥပဒေများတွင် မသန်စွမ်းသူများ၏ အခွင့်အရေးများကို အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်သည့် အသေးစိတ်အချက်အလက်များ၊ ပုံစံများကို ဖော်ပြထားသည်။ ထို့ပြင် မြန်မာနိုင်ငံအတွင်းရှိ မသန်စွမ်းသူများအတွက် မသန်စွမ်းမှု အဆင့် သတ်မှတ်ရေး နှင့် မသန်စွမ်းသူများ မှတ်ပုံတင် လျှောက်ထားရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို အသေးစိတ် ဖော်ပြထားပါသည်။လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ ယူနီဆက်ဖ် မြန်မာ၏ ပံ့ပိုးမှုတို့ဖြင့် မြန်မာနိုင်ငံနားမကြားသူများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က အဆိုပါ မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ နည်းဥပဒေများကို မြန်မာစံလက်သင်္ကေတဖြင့် ဘာသာပြန်ဆိုခဲ့ရာ ပြီးစီးပြီ ဖြစ်၍ အပိုင်းလိုက် လွှင့်တင်ပေးသွားမည် ဖြစ်ပါသည်။မြန်မာနိုင်ငံမသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ နည်းဥပဒေများ မြန်မာစံလက်သင်္ကေတပြ ဘာသာပြန် ဗွီဒီယိုအခွေ အပိုင်း – ၁
© 2017-2022 Myanmar Deaf Community Development Association (MDCDA). All Rights Reserved.