လက်သင်္ကေတပြဘာသာစကားထည့်သွင်းထားသော GBV အကြောင်းသိကောင်းစရာဗွီဒီယို(၁၆)

June 16, 2022

ပြီးပြည့်စုံတဲ့လိင်ပိုင်းဆိုင်ရာပညာပေးခြင်းကို ဆယ်ကျော်သက်နဲ့လူငယ်တွေ လက်လှမ်းမှီအောင်လုပ်ဆောင်ပေးဖို့ ၊ကျန်းမာပျော်ရွှင်ပြီးတော့ တာဝန်သိတဲ့မျိုးဆက်သစ်တွေဖြစ်ဖို့ ၊ကိုယ့်ရဲ့အခွင့်အရေးကိုသိပြီးတော့တောင်းဆိုတတ်သလို အများအခွင့်အရေးကိုလေးစားတတ်တဲ့မျိုးဆက်သစ်တွေဖြစ်ဖို့ အတွက် ကျွန်ုပ်တို့အားလုံးမှာတာဝန်ရှိပါတယ်။
အိမ်တွင်းအကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာနှင့် ကျားမ အခြေပြုဆိုင်ရာ အကြမ်းဖက်မှုခံရပါက အပြုံးပန်းသို့ဆက်သွယ်လိုက်ပါ
ဥပဒေဆိုင်ရာအကြံပေးချက်များနှင့် လက်သင်္ကေတပြဘာသာစကားဖြင့် စကားပြန်ဝန်ဆောင်မှုတို့ကို အခမဲ့ကူညီပေးမည်ဖြစ်ပါသည်။
ဝန်ဆောင်မှု ရယူသူများ၏ တိုင်ပင်ဆွေးနွေးမှုများကို လျှိူ့ဝှက် ထိန်းသိမ်းပေးထားမည်ဖြစ်ပြီး ဥပဒေရေးရာ ကိစ္စရပ်များအတွက် ဖုန်းနံပါတ် 09-765 777 890, 09-959 777 890၊
လက်သင်္ကေတပြစကားပြန်ဝန်ဆောင်မှုအတွက် Viber နံပါတ် 09-426 777 890 နှင့်
အပြုံးပန်း https://www.facebook.com/helpline4wwd
https://www.facebook.com/helpline4wwd.mm သို့
တနင်္လာနေ့မှ စနေနေ့ထိ ရုံးချိန်အတွင်း နံနက် ၉း၀၀ နာရီမှ ညနေ ၅း၀၀ နာရီအတွင်း ဝန်ဆောင်မှုများကို ရယူနိုင်ပါသည်။