လက်သ​​​​​င်္ကေတပြဘာသာစကားထည့်သွင်းထား​သောGBV အ​ကြောင်း သိ​ကောင်းစရာ ဗွီဒီယို(၂)

May 9, 2022

ရင်းနှီးကျွမ်းဝင်ချစ်ခင်သူများကသာ အိမ်တွင်းအကြမ်းဖက်မှုလုပ်​ဆောင်​နေတာ ပိုမို​တွေ့ရပါသည်။ချစ်လို့ရိုက်တာ(အရိုးကွဲ​အောင်ရိုက်မှအသဲစွဲ​အောင်ချစ်တာ )​တွေဟာလွဲမှားတဲ့ အမှတ်မှား​တွေသာဖြစ်ပြီး အိမ်တွင်းအကြမ်းဖက်မှုကျူးလွန်​နေတာဖြစ်ပါတယ်။
ခင်ပွန်း၊ဇနီးမယား ၊အတူ​နေချစ်သူ(သို့မဟုတ်)ရည်းစားစသည့် ရင်းနှီးကျွမ်းဝင်​သော လက်တွဲ​ဖော်က ကျူးလွန်သည့်အကြမ်းဖက်မှုများ သင့်ပတ်ဝန်းကျင်မှာရှိ​နေပါက သူတို့ကိုကူညီနိုင်ဖို့ သင်ကိုယ်တိုင်က​ပြောင်းလဲမှုကို စတင်လုပ်​ဆောင်လိုက်ပါ။
အိမ်တွင်းအကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာနှင့် ကျားမ အခြေပြုဆိုင်ရာ အကြမ်းဖက်မှုခံရပါက အပြုံးပန်းသို့ဆက်သွယ်လိုက်ပါ။
ဥပဒေဆိုင်ရာအကြံပေးချက်များနှင့် လက်သင်္ကေတပြဘာသာစကားဖြင့် စကားပြန်ဝန်ဆောင်မှုတို့ကို အခမဲ့ကူညီပေးမည်ဖြစ်ပါသည်။
ဝန်ဆောင်မှု ရယူသူများ၏ တိုင်ပင်ဆွေးနွေးမှုများကို လျှိူ့ဝှက် ထိန်းသိမ်းပေးထားမည်ဖြစ်ပြီး ဥပဒေရေးရာ ကိစ္စရပ်များအတွက် ဖုန်းနံပါတ် 09-765 777 890, 09-959 777 890၊
လက်သင်္ကေတပြစကားပြန်ဝန်ဆောင်မှုအတွက် Viber နံပါတ် 09-426 777 890 နှင့်
အပြုံးပန်း https://www.facebook.com/helpline4wwd
https://www.facebook.com/helpline4wwd.mm သို့
တနင်္လာနေ့မှ စနေနေ့ထိ ရုံးချိန်အတွင်း နံနက် ၉း၀၀ နာရီမှ ညနေ ၅း၀၀ နာရီအတွင်း ဝန်ဆောင်မှုများကို ရယူနိုင်ပါသည်။