Advocacy Meeting with Minister of…
November 19, 2019
October 3, 2020
အားလုံးအကျုံးဝင်ပါဝင်ဖို့ မသန်စွမ်းသူများ မဲပေးစို့ ဆောင်ပုဒ် ဖြင့် အောက်တိုဘာလ ၁၀ ရက်နေ့ ၂၀၂၀ ခုနှစ် မွန်းလွဲ ၂း၀၀ နာရီမှ ညနေ ၄း၀၀ […]
အားလုံးအကျုံးဝင်ပါဝင်ဖို့ မသန်စွမ်းသူများ မဲပေးစို့ ဆောင်ပုဒ် ဖြင့် အောက်တိုဘာလ ၁၀ ရက်နေ့ ၂၀၂၀ ခုနှစ် မွန်းလွဲ ၂း၀၀ နာရီမှ ညနေ ၄း၀၀ နာရီအထိ အွန်လိုင်းအခြေပြု စကားဝိုင်း ဆွေးနွေးပွဲ တစ်ရက်ကို ကျင်းပ ပြုလုပ်သွားမှာဖြစ်ပါတယ်။ အဆိုပါ ဆွေးနွေးပွဲကို မြန်မာနိုင်ငံနားမကြားသူများဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က ဦးဆောင် ပြုလုပ်တာ ဖြစ်ပြီး အတွေ့အကြုံရင့်ကျက်တဲ့ မသန်စွမ်းနယ်ပါယ်အသီးသီးက ဆရာ၊ ဆရာမ များမှ ပါဝင်ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
ပါဝင်ဆွေးနွေးမည့် ဆရာ/ဆရာမ တွေကတော့ ဆရာကြီး ဦးသိန်းလွင်၊ ဦးနေလင်းစိုး၊ ဒေါ်သန်းနွဲ့အောင် နဲ့ ဦးတင်အေးကိုတို့ ဖြစ်ပါတယ်။ Guest speaker အနေနဲ့ ဒေါ်တင်နွယ်ဦးက ပါဝင်ဆွေးနွေးပေးပါမယ်။ ဒါကြောင့် လက်ရှိ ကိုဗစ်-၁၉ ကြောင့် Stay at home ကာလမှာ မိမိအတွက် အကျိုးလည်းရှိ ဗဟုသုတလည်း ရနိုင်ဖို့ အောက်တိုဘာလ ၁၀ ရက်နေ့ မွန်းလွဲ ၂ နာရီ မှာ တိုက်ရိုက် live ကြည့်ရှု့ နိုင်ဖို့ မြန်မာနိုင်ငံ နားမကြားသူများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ရဲ့ Facebook page (Myanmar Deaf Community Development Association – MDCDA) နဲ့ Zoom meeting link https://zoom.us/meeting/register/tJ0lc-ioqzoiE9dMtBhX9_5280_oGSD55c3k တို့ မှာ စာရင်းပေးသွင်းနိုင်ပါကြောင်း စိတ်ပါဝင်စားသူတိုင်းနဲ့ မသန်စွမ်းညီအကိုမောင်နှမများ အားလုံးကို ဖိတ်ခေါ်အပ်ပါတယ်။
ဒီစကားဝိုင်း ဆွေးနွေးပွဲကို တက်ရောက်ဖို့ ပထမဦးဆုံး စာရင်းပေးသွင်းသူ အယောက် (၅၀) တိတိကို ဖုန်းဘေလ် ၅၀၀၀ ကျပ် ထည့်သွင်းပေးသွားမှာဖြစ်လို့ အမြန်ဆုံးတက်ရောက်ဖို့ စာရင်းပေးသွင်းကြပါစို့ …..
စကားဝိုင်းဆွေးနွေးပွဲမှာ တက်ရောက်ကလာသူတွေအားလုံး လက်လှမ်းမီ ရရှိအောင် လက်သင်္ကေတပြ စကားပြန် နဲ့ Closed Caption ဝန်ဆောင်မှုကိုပါ ထည့်သွင်းစီစဉ်ပေးထားပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်။
© 2017-2022 Myanmar Deaf Community Development Association (MDCDA). All Rights Reserved.