Advocacy Meeting with Minister of…
November 19, 2019
July 3, 2018
ဇွန် ၂၃ ရက်မှစတင်၍ လိုဏ်ဂူအတွင်း ပျောက်ဆုံးနေသော ကလေးငယ်များကို ယမန်နေ့ညက ပြန်လည်တွေ့ရှိပြီးနောက် ထိုင်းရေတပ်က ပထမဆုံး ထုတ်ပြန်လိုက်သည့် ဗွီဒီယိုဖိုင်မှ ရယူထားသော ဓာတ်ပုံ (Thai […]
ဇွန် ၂၃ ရက်မှစတင်၍ လိုဏ်ဂူအတွင်း ပျောက်ဆုံးနေသော ကလေးငယ်များကို ယမန်နေ့ညက ပြန်လည်တွေ့ရှိပြီးနောက် ထိုင်းရေတပ်က ပထမဆုံး ထုတ်ပြန်လိုက်သည့် ဗွီဒီယိုဖိုင်မှ ရယူထားသော ဓာတ်ပုံ (Thai Navy SEAL)
ထိုင်းနိုင်ငံမယ်ဆိုင်မြို့ အနီးရှိ သမ်လောင်ဂူထဲ၌ ပျောက်ဆုံးနေသည့် လူငယ်ဘောလုံးအသင်းနှင့် ၎င်းတို့၏ နည်းပြကို အသက်ရှင်လျက်ရှာတွေ့ပြီ ဖြစ်ကြောင်း ထိုင်းအာဏာပိုင်များက ယမန်နေ့ညတွင် ကြေညာသည်။
နိုင်ငံမြောက်ပိုင်းချင်းရိုင် ခရိုင် မယ်ဆိုင်မြို့အနီးကျောက်ဂူတစ်ခုထဲ အလည်အပတ်သွားရောက်စဉ် ဇွန်လ ၂၃ရက် ကတည်းက ပျောက်ဆုံးနေသည့် လူငယ်များကို ကိုးရက်အကြာ (စတင်ပျောက်ဆုံးသော ဇွန်၂၃ရက်မှ စတင်ရေတွက်လျှင် ၁၀ရက်) တွင် အသက်ရှင်လျက် ပြန်လည်ရှာဖွေတွေ့ရှိခြင်းဖြစ်သည်။
ပျောက်ဆုံးနေသူများသည် အသက် (၁၁)နှစ်မှ (၁၆)နှစ်ကြား ဆယ်ကျော်သက် ၁၂ဦးနှင့် ၎င်းတို့၏ အသက် (၂၅)နှစ်အရွယ်ရှိ ၎င်းတို့၏ ဘောလုံးနည်းပြ ဖြစ်သည်။
သမ်လောင်ဂူထဲ၌ လူငယ်အားလုံးကို ဇူလိုင် ၂ရက် ဒေသစံတော်ချိန် ည ၁၀ နာရီဝန်းကျင်တွင် အသက်ရှင်လျက် ရှာတွေ့ရှိခဲ့ကြောင်း ချင်းရိုင်ခရိုင် အုပ်ချုပ်ရေးမှူး နာရွန်ဆက်စ်အိုဆာတန်နာကွန်က တရားဝင် အတည်ပြု ကြေညာသည်။
© 2017-2022 Myanmar Deaf Community Development Association (MDCDA). All Rights Reserved.