Advocacy Meeting with Minister of…
November 19, 2019
မသန်စွမ်းအကျုံးဝင် ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်သည့် အာဆီယံအထောက်အကူပြု မဟာဗျူဟာ စီမံချက် ကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာ ၁၁-၁၅ ရက်နေ့၊ စင်္ကာပူနိုင်ငံ၌ ပြုလုပ်သော အာဆီယံထိပ်သီးညီလာခံ တွင် အတည်ပြုခဲ့သော မသန်စွမ်းသူများ၏ အခွင့်အရေးများကို ထည့်သွင်း ပါဝင်စေရန် နှိုးဆော်တိုက်တွန်းသည့် အာဆီယံအထောက်အကူပြုမဟာဗျူဟာစီမံချက် ၂၀၂၅ (ASEAN Enabling Masterplan – 2025: Mainstreaming the Rights of Persons with Disabilities) ကို အင်္ဂလိပ် မြန်မာ (၂) ဘာသာဖြင့် ဒေါင်းလုပ် ရယူနိုင်ပြီ ဖြစ်ပါသည်။ (မြန်မာဘာသာပြန်ကို မီလီအဖွဲ့မှ ထုတ်ဝေသည့် မြန်မာဘာသာပြန် စာအုပ်ကို မှီငြမ်း ကိုးကား၍ တင်ပြထားပါသည်)
အဆိုပါ မဟာဗျုဟာ စီမံကိန်း သည် အာဆီယံ ဒေသတွင်းအဆင့်တွင် CRPD ကို အကောင်အထည်ဖော်မှု ပိုမို အားကောင်း လာစေရန် အတွက် ပါဝင်ဆောင်ရွက်ရန်၊ လွတ်လပ်ခွင့်နှင့် တရားမျှတမှု ရရှိပိုင်ခွင့်တို့တွင် အားလုံး အကျုံးဝင်သော လူမှု အသိုက်အဝန်း တစ်ရပ် တည်ထောင်ရန်၊ ဘဝ အခြေအနေအားလုံးတွင် မသန်စွမ်းသူများ၏ အပြည့်အဝ ထိရောက်စွာ ပါဝင် ဆောင်ရွက်မှု အမှန်တကယ် ဖြစ်လာရန်နှင့် ရေရှည်တည်တံ့ရန် အတွက် ရည်မှန်းထားသည်။
Myanmar Version
English version
© 2017-2022 Myanmar Deaf Community Development Association (MDCDA). All Rights Reserved.