CSR – D Handbook

CSR – D Handbook အတွက် စာညွန်း

မြန်မာနိုင်ငံနားမကြားသူများဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့သည် စီးပွားရေးလုပ်ငန်းများ၏ လူမှုတာဝန်ယူမှု အစီအစဉ် Corporate Social Responsible – CSR အစီအစဉ်များတွင် မသန်စွမ်းသူများကို ထည့်သွင်းစဉ်းစားလာစေရေး အတွက် ရည်ရွယ်ကာ Myanmar Center for Responsible Business – MCRB ၏ ပံ့ပိုးကူညီမှုဖြင့် “Foundation ONCE” ၏ မူရင်းလမ်းညွန်ဖြစ်သော “CSR-D Guide Corporate Social Responsibility and Disability” စာအုပ်ကို ဘာသာပြန်ဆိုကာ ဥပဒေပိုင်းဆိုင်ရာအချက်အလက်များ၊ မသန်စွမ်းသူ အရေအတွက် စသည့် အချက်အလက်များကို မြန်မာနိုင်ငံနှင့် လိုက်လျောညီထွေမှုရှိစေရန် ပြင်ဆင်တည်းဖြတ်လျက် ၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၂၉ ရက်နေ့တွင် ထုတ်ဝေခဲ့သည်။

ထိုလမ်းညွန်စာအုပ်သည်

  • မသန်စွမ်းသူများအား CSR မူဝါဒများတွင် အကျုံးဝင်စေရန် ထည့်သွင်းနိုင်မည့် လက်တွေ့ နည်းလမ်းများ ကို ကုမ္ပဏီများအား လမ်းညွှန်မျှဝေပေးနိုင်ရန်
  • မသန်စွမ်းသူများအတွက် အလုပ်အကိုင်အခွင့်အလမ်း အဆင့်အတန်းများ မြင့်မားစေရန်နှင့် အရည်အသွေး တိုးတက်စေရန်
  • မသန်စွမ်းသူများသည် စားသုံးသူများလည်းဖြစ်ရာ ၎င်းတို့အသုံးပြုလိုသည့် ကုန်စည်နှင့် ဝန်ဆောင်မှုများ၏ အရည်အသွေး တိုးတက်မြင့်မားရေးကို အထောက်အကူပြုစေရန် ရည်ရွယ်ပါသည်။

Download Here