Advocacy Meeting with Minister of…
November 19, 2019
January 30, 2018
မြန်မာနိုင်ငံနားမကြားသူများဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့သည် Abilis Foundation ၏ ပံ့ပိုးမှုဖြင့် မြန်မာနိုင်ငံ မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေ ၂၀၁၅ ကို အကြားအာရုံမသန်စွမ်းသူများ လက်လှမ်းမီ ရရှိစေရန် ရည်ရွယ်လျက် မြန်မာစံလက်သင်္ကေတပြဘာသာစကားဖြင့် […]

မြန်မာနိုင်ငံနားမကြားသူများဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့သည် Abilis Foundation ၏ ပံ့ပိုးမှုဖြင့် မြန်မာနိုင်ငံ မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေ ၂၀၁၅ ကို အကြားအာရုံမသန်စွမ်းသူများ လက်လှမ်းမီ ရရှိစေရန် ရည်ရွယ်လျက် မြန်မာစံလက်သင်္ကေတပြဘာသာစကားဖြင့် ဘာသာပြန်ဆိုခြင်း စီမံကိန်းကို လူမှုဝန်ထမ်း ဦးစီးဌာန၏ လမ်းညွန်မှု၊ နားမကြားကျောင်းများနှင့် နားမကြားအဖွဲ့အစည်းများ၏ ပူးပေါင်း ဆောင်ရွက်မှုတို့ဖြင့် ၂၀၁၇ ခုနှစ်အတွင်း တစ်နှစ်ကြာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ (၃၁) ရက်နေ့တွင် ရန်ကုန်မြို့ စင်ထရယ်ဟိုတယ်၌ မြန်မာနိုင်ငံ မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေ ၂၀၁၅ မြန်မာစံလက်သင်္ကေတပြဘာသာပြန် ဗွီဒီယိုအခွေ ကို တရားဝင်ဖြန့်ချီနိုင်ခဲ့သည်။
မြန်မာနိုင်ငံအတွင်းရှိ စိတ်ပါဝင်စားသော အွန်လိုင်းအသုံးပြုသူများ လက်လှမ်းမီရယူနိုင်ရန် ရည်ရွယ်ကာ ဗွီဒီယိုဖိုင်များကို အပိုင်းလိုက်တည်းဖြတ်ကာ အဖွဲ့၏ ဝက်ဆိုဒ်ဖြစ်သော https://www.mdcda.org တွင် လည်းကောင်း၊ အဖွဲ့၏ သတင်းအချက်အလက်ထုတ်လွှင့်ရာ ဖေ့ဘွတ်စာမျက်နှာဖြစ်သော Article 21 Myanmar Facebook Page တွင်လည်းကောင်း၊ လွှင့်တင်ထားပြီး လွတ်လပ်စွာ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
© 2017-2026 Myanmar Deaf Community Development Association (MDCDA). All Rights Reserved.