PWDs’ Rights Law – 3

January 30, 2018

လူမှုဝန်ထမ်းဦးစီးဌာန၏ လမ်းညွန်မှု၊ Abilis Foundation ၏ ပံ့ပိုးမှုတို့ဖြင့် မြန်မာနိုင်ငံမသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေကို လက်သင်္ကေတဖြင့် ဘာသာပြန်ဆိုခြင်း အလုပ်ရုံဆွေးနွေးပွဲ အမှတ်စဉ် (၃) ကို ၂၀၁၇ […]

လူမှုဝန်ထမ်းဦးစီးဌာန၏ လမ်းညွန်မှု၊ Abilis Foundation ၏ ပံ့ပိုးမှုတို့ဖြင့် မြန်မာနိုင်ငံမသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေကို လက်သင်္ကေတဖြင့် ဘာသာပြန်ဆိုခြင်း အလုပ်ရုံဆွေးနွေးပွဲ အမှတ်စဉ် (၃) ကို ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၁၂-၁၃ ရက်နေ့များတွင် နံနက် (၉း၀၀) နာရီမှ ညနေ (၅း၀၀) နာရီအထိ ရန်ကုန်မြို့၊ MICT Park ရှိ ကနောင်ခန်းမ ၌ နှစ်ရက်တာ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပါသည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ နားမကြားကျောင်းများမှ ဆရာ/ဆရာမများ၊ SLSS မှ ဘာသာပြန်ဆရာမများ၊ နားမကြားအဖွဲ့အစည်းအသီးသီးမှ ဆရာဆရာမများ တက်ကြွစွာ ပါဝင်ဆွေးနွေးခဲ့ကြပါသည်။