Advocacy Meeting with Minister of…
November 19, 2019
မြန်မာနိုင်ငံ နားမကြားသူများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ သည် ၂၀၂၀ ခုနှစ် တွင် ကျင်းပ ပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲတွင် နားမကြားသူ မဲဆန္ဒရှင်များ မဲပေးမှုမြင့်မားလာစေရန် ရည်ရွယ်လျက် – Improving the rights of access to Election for Deaf persons in 2020 General Election (IRAE) စီမံကိန်းကို ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ မှ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ လ အထိ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ထိုစီမံကိန်းကို IFES အဖွဲ့မှ အဓိကကူညီပံ့ပိုးပေးပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ၏လမ်းညွှန်မှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်သည်။ ရွေးကောက်ပွဲတွင်နားမကြားသူများ လက်လှမ်းမီပါဝင်နိုင်ရေး၏ အဓိကအရေးကြီးဆုံး အချက်မှာ မှန်ကန်သောသတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ ရရှိနိုင်ရန်ဖြစ်သည်။ ထို့ကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် မှ ထုတ်ပြန်ထားသော ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းလမ်းညွှန်များနှင့် ကြေငြာချက်များကိုမသန်စွမ်းသူများ နှင့် နားမကြားသူများ အချိန်နှင့် တပြေးညီ လက်လှမ်းမီ ရရှိနိုင်ရန် မြန်မာနိုင်ငံ နားမကြားသူများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ လက်သင်္ကေတ ပြဘာသာစကားဖြင့် ဘာသာပြန်ဆိုလျက် တင်ဆက်ပေးလျှက်ရှိပါသည်။
ပြည်တွင်းရှိ သက်ဆိုင်ရာ မဲဆန္ဒနယ်ပြင်ပရောက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ကြိုတင်ဆန္ဒမဲပေးခြင်းဆိုင်ရာလုပ်ငန်းလမ်းညွှန်
အစိုးရခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပတွင် ရောက်ရှိနေသူများ ကြိုတင်ဆန္ဒမဲပေးခြင်းဆိုင်ရာ လုပ်ငန်းလမ်းညွှန်
မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းလမ်းညွှန်
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲလုပ်ငန်းလမ်းညွန်
မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့်မဲရုံအဖွဲ့ဝင် လုပ်ငန်းလမ်းညွှန်
ရပ်ကွက်နှင့်ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းလမ်းညွှန်
နေပြည်တော်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ လုပ်ငန်း
© 2017-2026 Myanmar Deaf Community Development Association (MDCDA). All Rights Reserved.