Disability Terminology Handbook မသန်စွမ်းမှုဆိုင်ရာ ဝေါဟာရအသုံးအနှုန်းများ လက်စွဲလမ်းညွန်စာအုပ်

မသန်စွမ်းမှုဆိုင်ရာ ဝေါဟာရအသုံးအနှုန်းများ လက်စွဲလမ်းညွန်စာအုပ်ကို လုမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြေန်လညနေရာချထားရေးဝန်ကြီးဌာန၏ လမ်းညွန်မှုဖြင့် မြန်မာနိုင်ငံမသန်စွမ်းသူများ အသင်းချုပ်၊ မြန်မာနိုင်ငံနားမကြားသူများဖွံဖြိုးတိုးတက်ရေးအဖွဲ့ ၊ မသန်စွမ်းအဖွဲ့အစည်းများ၊ မသန်စွမ်းကျောင်းများနှင့် မသန်စွမ်းအရေးဆောင်ရွက်နေကြသော အဖွဲ့အစည်းများ/လူပုဂ္ဂိုလ်များ၏ ပူးပေါင်းပါဝင်မှု USAID နှင့် FHI 360 အဖွဲ့တို့၏ ပံပိုးမှုဖြင့် ရေးသားပြုစုခဲ့ပါသည်။

ဤစာအုပ်တွင် မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာအမျိုးသားကော်မတီဥက္ကဌ နိုင်ငံတော်ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ ဥယျောဇဉ်၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၏ အမှာစကားနှင့် မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ် ယာယီဥက္ကဌ ဦးသိန်းလွင် တို့၏ ကျေးဇူးတင်စကား တို့ကို ထည့်သွင်းဖော်ပြထားပါသည်။

  • ထို့အပြင် မြန်မာနိုင်ငံအတွင်းရှိ မသန်စွမ်းသူများ ၏ အခြေအနေကိုလည်းကောင်း၊
  • မြန်မာနိုင်ငံ မှ အတည်ပြုထားသည့် မသန်စွမ်းမှုဆိုင်ရာဥပဒေ မူဘောင်များနှင့် အတည်ပြုရက်စွဲတို့ကိုလည်းကောင်း၊
  • မသန်စွမ်းသူများဆိုင်ရာ အထိမ်းအမှတ်နေ့များကိုလည်းကောင်း၊
  • မသန်စွမ်းမှု ဆိုင်ရာ ဝေါဟာရအသုံးအနှုန်းများကို မသန်စွမ်းမှုအလိုက် လည်းကောင်း၊
  • ပညာရေး၊ အထောက်အကူပြုပစ္စည်းများ၊ နည်းပညာဆိုင်ရာများနှင့် ပတ်သက်သည့် အသုံးအနှုန်းများကိုလည်းကောင်း၊ မသန်စွမ်းသူများနှင့် ထိတွေ့ဆက်ဆံမည့် မီဒီယာများအတွက် သတိပြုဖွယ်များကိုလည်းကောင်း စုံလင်စွာ ထည့်သွင်းဖော်ပြထားပါသည်။

Download here