Advocacy Meeting with Minister of…
November 19, 2019
September 6, 2018
မသန်စွမ်းမှုဆိုင်ရာ ဝေါဟာရ အသုံးအနှုန်းများ လက်စွဲလမ်းညွန် စာအုပ် ထွက်ပေါ်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲ မြန်မာနိုင်ငံတွင် မသန်စွမ်းမှုနှင့် မသန်စွမ်းသူများအပေါ် သုံးနှုန်းသင့်သည့် ဝေါဟာရ အသုံးအနှုန်းများ နှင့် ပတ်သက်၍ […]
မသန်စွမ်းမှုဆိုင်ရာ ဝေါဟာရ အသုံးအနှုန်းများ လက်စွဲလမ်းညွန် စာအုပ် ထွက်ပေါ်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲ မြန်မာနိုင်ငံတွင် မသန်စွမ်းမှုနှင့် မသန်စွမ်းသူများအပေါ် သုံးနှုန်းသင့်သည့် ဝေါဟာရ အသုံးအနှုန်းများ နှင့် ပတ်သက်၍ ကိုးကားရမည့် ရည်ညွန်းချက်များ မရှိသေးခြင်းကြောင့် လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေး နှင့် ကဏ္ဍ အသီးသီးတို့တွင် လွဲမှားသုံးစွဲမှုများကို ရံဖန်ရံခါ ကြုံတွေ့နေရပါသည်။ အမှတ်မထင် သုံးစွဲမိလိုက်သည့် အသုံးအနှုန်း တစ်ခုသည် မသန်စွမ်းသူများအပေါ် နှိမ့်ချရာရောက်သည့် ခွဲခြားဆက်ဆံရာရောက်သည့် သဘော သက်ရောက်စေသောကြောင့် မသန်စွမ်းသူများအားလုံး လက်ခံသည့် အသုံးအနှုန်းများကို ဖော်ထုတ်ပေးရန် လိုအပ်လာပါသည်။ အဆိုပါရည်ရွယ်ချက်ကို ဖြည့်ဆည်းနိုင်ရေးအတွက် လူမှုဝန်ထမ်းဦးစီးဌာန၏ လမ်းညွန်မှု၊ USAID FHI 360 ၏ ပံ့ပိုးပေးမှု၊ မြန်မာနိုင်ငံ မသန်စွမ်းသူများ အသင်းချုပ်၏ ဦးဆောင်မှု၊ မြန်မာနိုင်ငံနားမကြားသူများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၏ ပူးပေါင်း ဆောင်ရွက်မှု နှင့် တစ်နိုင်ငံလုံးမှ မသန်စွမ်းအဖွဲ့အစည်းများ၏ တက်ကြွစွာ ပါဝင်မှုတို့ဖြင့် မသန်စွမ်းမှုဆိုင်ရာ ဝေါဟာရ အသုံးအနှုန်းများ လက်စွဲလမ်းညွန် စာအုပ် ထွက်ပေါ်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲ တစ်ရပ်ကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၁၈) နှင့် (၁၉) ရက်နေ့များတွင် ရန်ကုန်မြို့၊ Best Western Green Hill Hotel ၌ အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပါသည်။ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအစီအစဉ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးကိုယ်စား လက်ထောက်ညွန်ကြားရေးမှူးတစ်ဦးက အဖွင့်အမှာစကား ပြောကြားပေးခဲ့ပြီး USAID FHI 360 မှ Chief of Party က မုဒိတာ စကားကိုလည်းကောင်း၊ မြန်မာနိုင်ငံ မသန်စွမ်းသူများ အသင်းချုပ်ဥက္ကဌက ကြိုဆိုနှုတ်ခွန်းဆက်စကားကို လည်းကောင်း၊ အသီးသီး ပြောကြားပေးခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံနားမကြားသူများ ဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့ မှ အစီအစဉ်ဒါရိုက်တာ က အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားကာ တက်ရောက်လာကြသည့် ဧည့်သည်တော်များနှင့် အမှတ်တရ ဓါတ်ပုံရိုက်ကူးခဲ့ပါသည်။
© 2017-2022 Myanmar Deaf Community Development Association (MDCDA). All Rights Reserved.