Advocacy Meeting with Minister of…
November 19, 2019
Home > Publications > Handbooks
Corporate Social Responsibility and Disability (CSR-D)
CSR – D Handbook အတွက် စာညွန်း
မြန်မာနိုင်ငံနားမကြားသူများဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့သည် စီးပွားရေးလုပ်ငန်းများ၏ လူမှုတာဝန်ယူမှု အစီအစဉ် Corporate Social Responsible – CSR အစီအစဉ်များတွင် မသန်စွမ်းသူများကို ထည့်သွင်းစဉ်းစားလာစေရေး အတွက် ရည်ရွယ်ကာ Myanmar Center for Responsible Business – MCRB ၏ ပံ့ပိုးကူညီမှုဖြင့် “Foundation ONCE” ၏ မူရင်းလမ်းညွန်ဖြစ်သော “CSR-D Guide Corporate Social Responsibility and Disability” စာအုပ်ကို ဘာသာပြန်ဆိုကာ ဥပဒေပိုင်းဆိုင်ရာအချက်အလက်များ၊ မသန်စွမ်းသူ အရေအတွက် စသည့် အချက်အလက်များကို မြန်မာနိုင်ငံနှင့် လိုက်လျောညီထွေမှုရှိစေရန် ပြင်ဆင်တည်းဖြတ်လျက် ၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၂၉ ရက်နေ့တွင် ထုတ်ဝေခဲ့သည်။
ထိုလမ်းညွန်စာအုပ်သည်
Disability Terminology Handbook
မသန်စွမ်းမှုဆိုင်ရာ ဝေါဟာရအသုံးအနှုန်းများ လက်စွဲလမ်းညွန်စာအုပ်ကို လုမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြေန်လညနေရာချထားရေးဝန်ကြီးဌာန၏ လမ်းညွန်မှုဖြင့် မြန်မာနိုင်ငံမသန်စွမ်းသူများ အသင်းချုပ်၊ မြန်မာနိုင်ငံနားမကြားသူများဖွံဖြိုးတိုးတက်ရေးအဖွဲ့ ၊ မသန်စွမ်းအဖွဲ့အစည်းများ၊ မသန်စွမ်းကျောင်းများနှင့် မသန်စွမ်းအရေးဆောင်ရွက်နေကြသော အဖွဲ့အစည်းများ/လူပုဂ္ဂိုလ်များ၏ ပူးပေါင်းပါဝင်မှု USAID နှင့် FHI 360 အဖွဲ့တို့၏ ပံပိုးမှုဖြင့် ရေးသားပြုစုခဲ့ပါသည်။
ဤစာအုပ်တွင် မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာအမျိုးသားကော်မတီဥက္ကဌ နိုင်ငံတော်ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ ဥယျောဇဉ်၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၏ အမှာစကားနှင့် မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ် ယာယီဥက္ကဌ ဦးသိန်းလွင် တို့၏ ကျေးဇူးတင်စကား တို့ကို ထည့်သွင်းဖော်ပြထားပါသည်။
United Nation Convention on the Rights of Persons with Disabilities (CRPD)
United Nation Convention on the Rights of Persons with Disabilities (CRPD) အတွက် စာအညွှန်းမြန်မာနိုင်ငံအတွင်းရှိ ၄.၆% သော မသန်စွမ်းသူများအတွက် အခွင့်အရေးများကို မြှင့်တင်ပေးရန် ရည်ရွယ်ကာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရက ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ (၇) ရက်နေ့တွင် လက်မှတ်ရေးထိုး အတည်ပြုခဲ့သည့် ကုလသမဂ္ဂမသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် (မြန်မာ ဘာသာပြန်)
မူရင်း အင်္ဂလိပ်စာဖိုင်
အင်္ဂလိပ်ဘာသာဖြင့် ဖော်ပြထားသော ကုလသမဂ္ဂ မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် မူရင်းနှင့် စာချုပ် အကြောင်း ဖော်ပြချက်ကို အောက်ပါလင့်ခ်တွင် ဖတ်ရှုနိုင်ပါသည်။
© 2017-2021 Myanmar Deaf Community Development Association (MDCDA). All Rights Reserved.