Advocacy Meeting with Minister of…
November 19, 2019
April 4, 2018
USAID FHI 360 CSM Project ၏ ပံ့ပိုးမှုဖြင့် မြန်မာနိုင်ငံ နားမကြားသူများဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က ဆောင်ရွက်နေသည့် နားမကြားသူများအတွက် သတင်းအလျက် လက်လှမ်းမီ ရရှိမှုသေချာစေရေး စီမံကိန်းတွင် […]
USAID FHI 360 CSM Project ၏ ပံ့ပိုးမှုဖြင့် မြန်မာနိုင်ငံ နားမကြားသူများဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က ဆောင်ရွက်နေသည့် နားမကြားသူများအတွက် သတင်းအလျက် လက်လှမ်းမီ ရရှိမှုသေချာစေရေး စီမံကိန်းတွင် ပါဝင်သော မြန်မာ့အသံနှင့်ရုပ်မြင်သံကြား နှင့် အမြင်ဖွင့် ဆွေးနွေးပွဲတစ်ရက်ကို ၂၀၁၈ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့တွင် နေပြည်တော် တပ်ကုန်းရှိ MRTV Conference Hall တွင် အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပါသည်။ အဆိုပါ ပွဲသို့ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ဒုတိယညွန်ကြားရေးမှူးချုပ် (စာတည်းမှူးချုပ်) ဦးမျိုးမြင့်အောင် က တက်ရောက်ဖွင့်လှစ်အမှာစကားပြောကြားခဲ့ပြီး အစီအစဉ်ဒါရိုက်တာက အမြင်ဖွင့်ဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံအတွင်းရှိ နားမကြားသူများအတွက် ဥပဒေပိုင်းဆိုင်ရာ ရပိုင်ခွင့်၊ နားမကြားသူများ၏ သဘောသဘာဝနှင့် ယဉ်ကျေးမှု၊ လက်သင်္ကေတပြ ဘာသာစကား၊ ဘာသာပြန်ဝန်ဆောင်မှု စသည်တို့ကို ဌာနအသီးသီးရှိ ဝန်ထမ်းများအား ရှင်းလင်းပြောကြားခဲ့ပြီး အခြေခံ လက်သင်္ကေတပြ ဘာသာစကားကိုလည်း သင်ကြားပို့ချပေးခဲ့ပါသည်။
© 2017-2026 Myanmar Deaf Community Development Association (MDCDA). All Rights Reserved.